ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ငါးသောင်းခန့် နေရာရွေ့ပြောင်းနေရ

၂၅ အောက်တိုဘာ

 

အမေရိကန်နိုင်ငံ  ကယ်လီဖိုးနီးယားတောမီးဟာ လောင်အားမြှင့်လာတဲ့အတွက် လော့အန်ဂျလိစ် မြောက်ပိုင်းရှိ အိမ်ခြေများမှ လူပေါင်း ၅၀,ဝ၀ဝ ကို မနေ့က ပြောင်းရွေ့ဖို့ အမိန့်ပေးထားပါတယ်။ လော့အန်ဂျလိစ် မြောက်ပိုင်းက တောမီးဟာ မနေ့က နေ့ခင်းပိုင်းကနေ လောင်ကျွမ်းရာ ဧကပေါင်း ၅,ဝ၀ဝ ကို တခဏအတွင်း လောင်ကျွမ်းခဲ့တာကို တွေ့ရပါတယ်။ 

 

1

 

တောမီးကြောင့် လူနေအိမ် နဲ့ အဆောင်အအုံများ လောင်ကျွမ်းတဲ့အတွက် အဓိက အဝေးပြေးလမ်းတစ်လမ်း အပါအဝင် လမ်းပေါင်းများစွာ ပိတ်ထားကြောင်း၊ မီးငြိမ်းသတ်ရန်အတွက် မီးသတ်သမား ၅၀ဝ နီးပါးနဲ့အတူ ရဟတ်ယာဉ်များ အသုံးပြုနေကြောင်း သိရပါတယ်။

 

တောမီးကြောင့် အသေအပျောက်နဲ့ ဒဏ်ရာရရှိသူ စာရင်းမရရှိသေးပါဘူး။ အခုချိန်မှာ လူတိုင်း လွှတ်ရာကို ရွေးပြောင်းဖို့ ပြောဆိုနေရပါတယ်လို့ မီးသတ်ဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ တောမီးလောင်စဉ်မှာ လေတိုက်နှုန်းက တစ်နာရီကို မိုင် ၇၀ နှုန်းနဲ့ တိုက်ခိုက်တဲ့အတွက် မီးသတ်သမားတွေ ခက်ခက်ခဲခဲ ငြိမ်းသက်နေရကြောင်း ဆက်ပြောပါတယ်။

 

2

 

မြောက်ကယ်လီဖိုးနီးယားရှိ ဝိုင်ထုတ်လုပ်တဲ့နေရာတွင် နေထိုင်ကြတဲ့ လူပေါင်း ၂,ဝ၀ဝ လောက်ဟာ ဗုဒ္ဓဟူးနေ့ကစပြီး ရွေ့ပြောင်းရကြောင်း သိရပါတယ်။

 

ပြီးခဲ့နှစ်က လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးမှာ လူ၁၀ဝ လောက်သေခဲ့ရာ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP