ကယန်းနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနိုင်ရေး ရန်ပုံငွေထောက်ပံ့ပေးအပ်

လွိုင်ကော်  ၂၂   နိုဝင်ဘာ 

ကယန်းသက္ကရာဇ် (၂၇၅၉) ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျရောက်မည့် ကယန်းတိုင်းရင်းသား လူမျိုးများ၏ နှစ်သစ်ကူးမင်္ဂလာပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ နံနက် ၈  နာရီခွဲအချိန်က ၎င်း၏ရုံးခန်း၌ ရန်ပုံငွေ ကျပ်သိန်း (၃၀) တိတိအား ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံဆောင်ရွက်ခဲ့ကြသည်။

ကယန်းတိုင်းရင်းသား လူမျိုးများ၏ နှစ်သစ်ကူးမင်္ဂလာပွဲတော် အခမ်းအနားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာ၌ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်သား