လာရှိုးအသင်း(ရန်ကုန်) စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ၆  ဇန်နဝါရီ 

 

လာရှိုးအသင်း(ရန်ကုန်) စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လားရှိုးအသင်း(ရန်ကုန်) နာယက ဒေါက်တာစိုင်းဆမ်ထွန်းနှင့်ဥက္ကဋ္ဌ ဒေါက်တာ အေးအေးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

ထို့နောက် လာရှိုးအသင်း(ရန်ကုန်) အတွင်းရေးမှူး ဦးစိုးထွန်းဇော်က အသင်း၏ တစ်နှစ်တာလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြပြီး အသင်း၏ စာရင်းစစ်ချုပ် ဒေါ်အုန်းအုန်းမြင့်က ဘဏ္ဍာရေးရှင်တမ်းကို ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသက်ကြီးဘိုးဘွား (၅၀)ဦးအား ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ကာ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒသမတန်းထူးချွန်း ကျောင်းသားကျောင်းသူ (၈)ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။

 

ထို့နောက် လားရှိုးအသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအောင်နိုင်နှင့် ဦးစိုင်းခွန်နောင်တို့က ကျေးဇူးတင်စကား၊ ဝမ်းသာပီတိစကားပြောကြားကြကြောင်း သိရသည်။

 

သတင်း/ ဓါတ်ပုံ -ကိုကိုဇော်