လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၁၇  ဇန်နဝါရီ

 

ရှမ်းပြည်‌နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်ဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။   

 

ယင်းထုတ်ပြန်ချက်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဇန်နဝါရီ ၁၆ ရက်မွန်းတည့် ၁၂ နာရီခန့်တွင် လားရှိုးမြို့ နယ်၊ နောင်လိုင်ကျေးရွာအနီး၊ လားရှိုး-နမ္မတူသွားကားလမ်းတွင် လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့ အိုက်မာန်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စိစစ်ရာ ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိဘိန်း ဖြူ ၁၆ ဒသမ ၅ ကီလိုကို  သိမ်းဆည်း ရမိခဲ့သဖြင့် အိုက်မာန်(၂၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး သိမ်းဆည်းရမိသော ဘိန်းဖြူများမှာ လားရှိုးမြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်၍ မန်တုံ-မိုးမိတ်-ကချင်ပြည်နယ်သို့ သယ်ယူရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်