လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကညင်သောင်-မြစ်ကျိုးလမ်း ကွန်ကရစ်လမ်းပြီးစီးမှု အခြေအနေအားစစ်ဆေး

လေးမျက်နှာ  ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကညင်သောင်-မြစ်ကျိုးလမ်းကွန်ကရစ်လမ်းအား စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းနှင့် QC ဦးလင်းထွန်းတို့က ကွန်ကရစ်လမ်း ခိုင်ခန့်မှုအားစမ်းသပ်စစ်ဆေးခြင်း၊  အရည်အသွေးပြည့်ဝမှုစမ်းသပ်စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိတို့အား စစ်ဆေးတိုင်းတာမှုများဆောင်ရွက်ခဲ့သည်။  

အဆိုပါကညင်သောင်-မြစ်ကျိုးကွန်ကရစ်လမ်းမှာ  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၅၇.၈၇၆သန်းဖြင့် ရွှေအောင်လံဆောက်လုပ်ရေး ကုမ္ပဏီလိမီတက်က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၇၈၈ပေအရှည် ၁၂ပေအကျယ် ၇လက်မထုရှိကာ  ယခုအချိန်တွင်  ကွန်ကရစ်လမ်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)