လေးမျက်နှာမြို့နယ်တွင်( High Tech) မိုးစပါး စံပြကွက်များရိတ်သိမ်းခြင်းဆောင်ရွက်

လေးမျက်နှာ   ၂၂  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်၌မိုးစပါးစံပြကွက်များရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဖြစ်သော စာရေးကွင်း အုပ်စု၊ စာရေးကွင်း ကျေးရွာကွင်းအမှတ်(၁၂၂၃)တွင်မြို့နယ်မိုးစပါးစံကွက်ရိတ်သိမ်းရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသခံ တောင်သူများနှင့် မိုးစပါးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှုန်းထားအမျိုးမျိုး ထည့်သွင်းထားသည့် စံပြကွက်များ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးစပါးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှုန်းထားအမျိုးမျိုး ထည့်သွင်းထားသည့် စံပြကွက်များ ရိတ်သိမ်းရာတွင် တောင်သူဦးဌေးအောင်၏ ကွင်းအမှတ် (၁၂၂၃)ဦးပိုင် အမှတ် ၂၆ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်း ၁ ဧက ရိတ်သိမ်းရာတွင် အစိုထွက်တင်း ၉၆.၄၀ နှုန်း ထွက်ရှိကြောင်း သိရသည်။

 

မိုးစပါး စမ်းသပ်ကွက်၊ စံပြကွက် ရိတ်သိမ်းရာသို့ ခရိုင်စိုက်ပျိူးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြင့်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဌာနမှူး ဦးရဲရင့်ထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)