လေရှီးမြို့၌  အရှေ့နာဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစဘ်း (ENDO)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

လေရှီး ၂၉ နိုဝင်ဘာ       

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ဝေးလံခေါင်ဖျားပြီး စားဝတ်နေရေးခက်ခဲသော ကျေးရွာများကို ဆန်အိတ်(၃၀၀)၊ ကုလားပဲ (၁၅)အိတ်နှင့် ခြုံစောင်အထည် (၃၀၀)ကို Easthan Naga Development Organization (ENDO) အဖွဲ့အစည်းက  ယမန်နေ့တွင်  ရိုးရာယဉ်ကျေးမှုကွင်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယင် ENDO အဖွဲ့အစည်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သဘာဝဘေးကြောင့် စားဝတ်နေရေးခက်ခဲသော ကျေးလက်နေပြည်သူများ အထောက်အကူပြုစေရန် လိုအပ်သလို သွားရောက်ထောက်ပံ့ ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း   အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးနီဆောင်း  ပြောသည်။

ခဘိုး(လေရှီး)