လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာ သင်တန်း‌ကျောင်း သင်တန်းဆင်းပွဲ ကျင်းပ

လဟယ်  စက်တင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ နာဂဒေ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြား သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူ တစ်ဦးကို အပ်ချုပ်စက်တစ်စုံချီးမြှင့်ပြီး လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းကသင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ပေးပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ယနေ့အဆင့်မြင့်အိမ်တွင်းမှု သင်တန်းဆင်း သင်တန်းသူ(၂၄)ဦးသင်တန်းဆင်းခဲ့ပြီး သင်တန်းဆင်းသင်တန်းသူ စုစုပေါင်း (၁၃၅၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ပါမင်းလိုင်(လဟယ်)