လှိုင်းဘွဲမြို့နယ်တွင် တတိယအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

လှိုင်းဘွဲ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တတိယအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား  ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၉ ရက်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးနှံနေမှုအခြေအနေတို့ကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့၀င်များက သက်ဆိုင်ရာ စုရပ်(၄)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြီး လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်း တိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ စသည့် စုရပ်(၄)ခုတွင် အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ စုစုပေါင်း (၆၅၄၅)ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)