လွိုင်ကော်ပြည်သူ့ဆေးရုံးကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ စတင်ခွဲစိတ်ကုသပေး

လွိုင်ကော်    ၁၉   ဖေဖော်ဝါရီ   

ကယားပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာစားဖိုမှူးများအသင်း၊ German Interplast အဖွဲ့မှ နိုင်ငံခြားသားဆရာဝန်များနှင့် ဒေသခံမြန်မာဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရွှေလွိုင်ကော် ပရဟိတအသင်းနှင့် ကယားပြည်နယ်အတွင်းမှ ပရဟိတအသင်းအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး သုံးခွဲကျောက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍  ကယားပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကျိတ်နှင့် မီးလောင်ဒဏ်ရာလူနာများအား လွိုင်ကော်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်()နာရီမှစ၍ အခမဲ့စတင် ခွဲစိတ် ကုသ ပေးလျက်ရှိသည်။

အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကျိတ်နှင့် မီးလောင်ဒဏ်ရာလူနာများအား ကုသပေးရန် ကယားပြည်နယ်က ကျေးရွာအသီးသီး၊ မြို့နယ်အသီးသီးတွင် ဗီနိုင်းပိုစတာများဖြင့် ကြော်ငြာများ ကြိုတင်ကပ်ခြင်း၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများအား အသိပေးခြင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့ထိ စာရင်းပေးလူနာပေါင်း ၁၆၀ ခန့်ရှိရာ လူနာများအား သက်ဆိုင်ရာ ဆေးရုံတွင် စုစည်းစေပြီး  ပရဟိတအသင်းများမှ ကားများဖြင့် သွားရောက်ကြိုပြီး   သီတဂူစက္ခု ဒါန ဆေးရုံးတွင် နေရာချထားပေးခြင်း နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ၊ ကျွေးမွေး ခြင်းများကို ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်ပရဟိတအဖွဲ့ ဥက္ကဌ ဦးသန်းစိုး ပြောကြားချက်အရသိရသည်။

အခုလိုခွဲစိတ်ကုသပေးခြင်းကို  ဖေဖော်ဝါရီ (၁၇) ရက်မှ (၂၉)ရက်နေ့ ထိဖြစ်ပြီး ကုသမှုဆောင်ရွက်ရာမှာ ပြည်နယ်အစိုးရအဖွဲ့က ငွေကြေးထောက်ပံ့မှု ပေးတဲ့အပြင် ဆေးဝါးထောက်ပံ့မှုတွင် မြန်မာနိုင်ငံစားဖိုမှူးများအသင်းက ဦးသက်နိုင်နှင့် ၎င်း၏မိတ်ဆွေတွေက (၁၀)သိန်း လှူတယ်။ ကျွန်မတို့ဆေးရုံက အခမဲ့ပေးမဲ့ဆေးအပြင် ဆေးဝါးများဝယ်ယူရာမှာ အသုံးပြုဖို့ အတွက်ဖြစ်တယ်။ ဒီမှာအဖြစ်များတာကတော့  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ နှင့် မီးလောင်ဒဏ်ရာတွေဖြစ်တယ်။  အဖုအကြိတ်တွေကတော့ အနည်းငယ်ပါ။ German Interplast အဖွဲ့ကလည်း စေတနာထားပြီး ကုသပေးလျက် ရှိပါတယ် ဟု ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က ပြောသည်။

ကုသနေစဉ်အတွင်းမှာ လာရောက်ပြသတဲ့လူနာတွေကို အလျဉ်းသင့်သလို ခွဲစိတ်ကုသပေးနိုင်တဲ့ လူနာတွေ ကို ထပ်ပြီးရွှေးချယ်ကုသပေးသွားမှာဖြစ်ပါတယ်။  ခွဲစိတ်မှုပြီးဆုံးသည်အထိဆိုရင်တော့ လူနာပေါင်း (၁၀၀)ကျော် လောက်ကို ခွဲစိတ်ကုသပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဟု ဒေါက်တာ  Herbert Bauer က ပြောသည်။

နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းမြောက်ရွာက ဒေါ်တင်တင်အေးကလည်း  ကျွန်မက ဒီလိုအခမဲ့ လာကုသ ပေးမယ် ဆိုတာ သိရတော့ ကျွန်မတူလေးကိုခေါ်ပြီးလာရောက်ကုသမှုခံယူတယ်။ တူလေးက အသက်()နှစ်အရွယ် ကတည်းက မီးလောင်ဒဏ်ရာခံစားရပြီး အသက်(၁၄)နှစ် လူအများကြားမသွားနိုင်ဘူး ။ ရှက်လဲရှက်တယ်။ ခုတော့ ဒီလိုကုသပေးလို့ သူများလိုအကောင်းအတိုင်းဖြစ်သွားတယ်။ ကုပေးတာတောင် မကဘူး နေထိုင်စားသောက်သွားလာဖို့ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ဟု ပြောကြားသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို ယနေ့နံနက် ()နာရီမှ ညနေ ()နာရီထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကြိတ်နှင့်မီးလောင်ဒဏ်ရာလူနာများအား စတင်၍ အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိပြီး  ကယားပြည်နယ် အတွင်းရှိ ရပ်ဝေးရပ်နီး ပြည်သူများမှ မည်သူမဆို လာရောက်ဆေးကုသနိုင်ကြောင်း သိရှိရသည်။

German Interplast အဖွဲ့မှ ခေါင်းဆောင် ဒေါက်တာ Herbert Bauer က စစ်ဆေးထားတဲ့ လူနာပေါင်း(၁၅၀)ယောက်လောက်ရှိပြီးတော့ အဲ့ဒီထဲကမှ(၇၅)ယောက်လောက်ကို ခွဲစိတ်ဖို့ရွှေးချယ်ထားပြီး ဖြစ်ပါတယ်။ ဒီနေ့ကခွဲစိတ်ကုသမှုက ဒုတိယနေ့ပါ။ ဖေဖော်ဝါရီ (၁၈)ရက်နေံ ခွဲစိတ်ကုသပေးခဲ့တဲ့လူနာတွေက နှုတ်ခမ်းကွဲ အာခေါင်ကွဲ၊  ()ဦး၊ မီးလောင်ဒဏ်ရာလူနာ ()၊ အဆီ အကျိတ်ကြီးလူနာ  ()ဦး ဖြစ်ပြီး ယနေ့တွင်  (၁၂)ဦးခွဲစိတ် ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)

 

12

 

11

 

aaa