လှိုင်သာယာမြို့နယ်၌ လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေး 

ရန်ကန်  ၂၇ မေ 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ (လှိုင်သာယာ)တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် MYANMAR Full Win Co.,Ltdမှ အာမခံ အလုပ်သမား (၅၀၀)အား ၂၀၁၂ ခုနှစ် လူမှုလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယနေ့ မွန်းလွဲ ၁ နာရီက စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်းရုံးခွဲ (လှိုင်သာယာ)မှ အာမခံ အလုပ်သမား (၅၀၀)ကိုယ်စား လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း စုစုပေါင်း ၄၇၂၅၄၄၀.၀၀ ကျပ်အား MYANMAR Full Win Co.,Ltdမှ စက်ရုံတာဝန်ခံ ဒေါ်မိုးမိုးမြင့်ခိုင် ထံသို့ ပေးအပ်ခဲ့သည်။

 

ယခုပေးအပ်ခြင်းသည် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံပိတ်သိမ်းထားသည့် ကာလအတွင်း အာမခံအလုပ်သမားများ လစာ၏ ၄၀ ရာခိုင်နှုန်းကို ပထမဦးဆုံး ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခြားစက်ရုံများလည်း တင်ပြထားပြီးဖြစ်၍ ခွင့်ပြုမိန့်ရရှိပါက ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ တာဝန်ခံ ဒေါ်သန်းသန်းဆင့်ထံမှ သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)