လက်နက်ကိုင်ဆောင်ထားသူတွေက အိမ်သာသုံးစက္ကူလိပ်တွေ ခိုးယူ

၁၇ ဖေဖော်ဝါရီ

 

ဟောင်ကောင်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက အိမ်သာသုံးစက္ကူလိပ်တွေကို ဒီနေ့(တနင်္လာနေ့) တွင် ခိုးယူခဲ့ရာ ရဲတပ်ဖွဲ့က ခြေရာခံလိုက်လံရှာဖွေနေကြောင်းသိရပါတယ်။

 

အိမ်သာသုံးစက္ကူလိပ်ဟာ ဟောင်ကောင်မှာ အဝယ်အများဆုံးပစ္စည်း ဖြစ်လာပါတယ်။ အစိုးရက လိုအပ်ပစ္စည်းကို ဖြည့်ဆည်းပေးမယ်ပြောနေပေမယ့် ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကြောင့် စိုးရိမ်မှုနဲ့ ဝယ်ယူနေကြတာဖြစ်ပါတယ်။

 

စူပါမတ်ကတ်တွေမှာ စက္ကူလိပ်အပြင် အဓိက အစားအစာဖြစ်တဲ့ ဆန်နဲ့ ပါစတာခြောက်၊ ပိုးသတ်ဆေးပါ လက်ဆေးဆပ်ပြာနဲ့ တခြား သန့်ရှင်းရေးပစ္စည်းတွေကို ဝယ်ယူချင်သူတွေက တန်းစီပြီးရယူရမျိုး၊ ဆိုင်ဖွင့်ပြီးမကြာခင်မှာဘဲ အဲဒီပစ္စည်းတွေ ကုန်သွားတာမျိုးတွေ ဖြစ်နေပါတယ်။

 

အလုပ်သမားလူတန်းစားတွေနေထိုင်တဲ့ မုန်းကော့ရှိ စူပါမတ်ကို ကုန်ပစ္စည်းလာပို့တဲ့ ကားမှ ကားမောင်းသူကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားသုံးဦးက ခြိမ်းခြောက်ပြီး စက္ကူလိပ် (ဟောင်ကောင်ဒေါ်လာ ၁၀၀၀ ကျော်ဖိုး) ကို လုယူခဲ့ကြောင်းသိရပါတယ်။

 

အခင်းဖြစ်ပွားတဲ့နေရာအနီးရှိ အမျိုးသမီးတစ်ဦးကို ဒေသတွင်းသတင်းဌာနတစ်ခုက မေးမြန်းရာ သူ့အနေနဲ့ မျက်နှာဖုံးသာ ခိုးယူချင်ကြောင်း စက္ကူလိပ်ကို မယူချင်ဘူးလို့ပြောပါတယ်။

 

ဟောင်ကောင်မှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၇ ဦးရှိပြီး မျက်နှာဖုံးပျက်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

 

တရုတ်နိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၇၇၀ ဦးရှိပြီး ရောဂါပိုးရှိသူပေါင်း ၇၀၅၄၈ ဦးရှိကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က တရုတ်အစိုးရက ထုတ်ပြန်ကြေညာပါတယ်။

 

MDN

ကိုးကား- AFP