လက်ရွေးစင်ဟာသပဒေသာ အမှတ်(၃)

စာရေးသူ မောင်ကောင်းထိုက်(နှီးပါ) စီစဉ်ရေးသားသည့် လက်ရွေးစင် ဟာသပဒေသာ အမှတ်(၃) စာအုပ် ထွက်ရှိလာသည်။

 

မျက်နှာများတဲ့လူ ခေါင်းစဉ်ဖြင့် ယောက်ျားကြီးတစ်ယောက် လမ်းလျှောက်လာသည်။ မျက်နှာချင်းဆိုင်မှလည်း လူတစ်ယောက်လျှောက်လာသည်။ ဒုတိယလူကို အကြောင်ရိုက်ရန် ပထမလူ ဆုံးဖြတ်လိုက်သည်။ ဟေ့လူ ခင်ဗျားမျက်နှာနဲ့ ကျွန်တော့်မျက်နှာ ကပ်လိုက်ရအောင်။ အဲဒါဆိုရင် “မျက်နှာငါးခုဖြစ်လာမယ်ဗျ" ဒုတိယလူသည် ယောက်ျားကြီးကို အတန်ကြာ ကြည့်ပြီးပြောသည်။ “ဘာလဲ ခင်ဗျားမှာ မျက်နှာတစ်ခုတည်းရှိလား" ဟာသနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာများကို ရေးသားထားသည်။

ကြေးမုံ (စာအုပ်စင်)