လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေး လုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင် အသုံးချ

နေပြည်တော်    သြဂုတ်   ၁ဝ

 

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Infor-mation Literacy)  သင်တန်းဖွင့်ပွဲ အခမ်းအနားကို      ယနေ့နံနက် ၉    နာရီခွဲတွင်   နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌  ကျင်းပရာ အခမ်း အနားသို့  ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာန အသီးသီးမှ      သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်       ဒုတိယ ဝန်ကြီး    ဦးရဲတင့်က  မီဒီယာနှင့် သတင်းအချက်အလက်    ဆိုင်ရာ သိနားလည်မှုဆိုသည်မှာ မီဒီယာနှင့် သတင်းအချက်အလက်တို့တွင် ပါရှိသည့် အကြောင်းအရာ များကို  ရယူအသုံးပြုနိုင်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်း၊ ဖန်တီးခြင်း၊ မျှဝေခြင်းနှင့်     အသုံးပြုခြင်းတို့ဖြစ် ကြောင်း။

 

ယခုသင်တန်းတွင်  သင်ကြား သည့် ဘာသာရပ်များကို လက်တွေ့ လုပ်ငန်းတွင်      အသုံးချနိုင်သည့် အထိ သင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေး     လုပ်ငန်း များတွင်    အကျိုးရှိ     ထိရောက် အောင်     အသုံးချကြရမည်ဖြစ် ကြောင်း၊    သင်တန်းမှရရှိသည့် မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ကိုလည်း သင်တန်းတက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကိုလည်း   ထပ်ဆင့် မျှဝေပေးစေလိုပါကြောင်း။

 

သင်တန်းသားများအနေဖြင့် မီဒီယာနှင့်      သတင်းအချက် အလက်ဆိုင်ရာ      သိနားလည်မှု သင်တန်း        ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို အောင်မြင်အောင် ကြိုးစားသင်ယူပြီး လက်တွေ့ လုပ်ငန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ကြရန်  ပြောကြားသည်။

 

ယခုဖွင့်လှစ်သည့် မီဒီယာနှင့်  သတင်းအချက်အလက်ဆိုင်ရာ  သိနားလည်မှုသင်တန်းကို ဩဂုတ်    ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး       ဝန်ကြီးဌာန အသီးသီးမှ  အရာထမ်း   ၃၁  ဦး တက်ရောက်ကြမည်ဖြစ်ကာ   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ သင်တန်းနည်းပြ   များက မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှု မိတ်ဆက်/နောက်ခံသမိုင်း ဘာသာရပ်၊ မြန်မာနိုင်ငံ၏ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမူဘောင်နှင့် ဂေဟစနစ်ဘာသာရပ်၊    သတင်း ဆိုင်ရာသိနားလည်မှု ဘာသာရပ်၊  သတင်းအချက်အလက်     ဖရိုဖရဲ ဖြစ်မှု (အခြေခံပုံစံ ၇ မျိုး) ဘာသာ ရပ်၊ သတင်းအချက်အလက်မှားများ၊    လုပ်ကြံသတင်း၊    မသမာ သတင်းနှင့် အမုန်းစကားများ ပျံ့နှံ့ ရာ လူမှုမီဒီယာများ ဘာသာရပ်၊  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘာသာရပ်၊ အမုန်းစကားများနှင့်  ယင်း၏ အကျိုးသက်ရောက်မှုများ ဘာသာရပ်နှင့်    အချက်အလက် များ စစ်ဆေးခြင်း ဘာသာရပ်များကို   သင်ကြားပို့ချမည် ဖြစ်ကြောင်း  သိရသည်။         

သတင်းစဉ်