လူငယ်မောင်မယ်တွေကို ဗုဒ္ဓယဉ်ကျေးမှု အမွေပေးကြပါ

၃ ဇန်နဝါရီ

 

ယနေ့ခေတ်လူငယ်များ ယဉ်ကျေးသိမ်မွေ့စေရန် စာရေးသူမောင်ရင့်ကျူး (မြောင်းမြ) စီစဉ်ရေးသားသည့် လူငယ်မောင်မယ်တွေကို ဗုဒ္ဓယဉ်ကျေးမှု အမွေပေးကြပါစာအုပ် ထွက်ရှိလာသည်။

 

 

စကားကို ယဉ်ကျေးစွာပြောဆိုရမည်၊ စာတတ်အောင်သင်ရမည်၊ သန့်ရှင်း စွာ နေထိုင်ရမည်၊ ပြည်သူ့ပစ္စည်းကို မဖျက်ဆီးရ၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကို အဆုံးတိုင် တတ်အောင်သင်ရမည်၊ လူမျိုးနှင့် တိုင်းပြည်ကို စောင့်ရှောက်ရမည်၊ ပြည်သူ့ဝန်ကိုတရားနှင့်ညီအောင် ထမ်းဆောင်ရမည်၊ ရလာသောပစ္စည်းဖြင့် မျှတစွာ အသက်မွေးရမည်ဖြစ်သည်။ ပြည်သူ့နီတိကို မတတ်ကျွမ်းသော ကလေးများ နေထိုင်ပုံသည် ရိုင်းပျ၍ ပြည်သူ့နီတိကို တတ်ကျွမ်းသော ကလေးနေထိုင်ပုံသည် လူယဉ်ကျေးကလေးပုံစံဖြစ်နေပုံ ခြားနားချက်ကို တွေ့မြင်နိုင်ကြောင်း ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်