လဝါးကျေးရွာ၌ ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ကာမိုင်း    ၂၆   မတ်   

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု လဝါးကျေးရွာရပ်ကွက်(၃)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဆိုလာပြားနှင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီးနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

a

 

မီးလောင်မှုကြောင့် နှစ်ခန်းပတ်လည်မြေစိုက် (သက်ကယ်မိုး၊ ထရံကာ) အိမ်ဟောင်းတစ်လုံးမှ တစ်ဆင့် (၃)ခန်း (၂)ခန်း နှစ်ထပ်တိုက် (သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ကာ) နေအိမ်တစ်လုံး၊ နှစ်ခန်းပတ် လည်မြေစိုက် (သွပ်မိုး၊ အုတ်ကာ) မီးဖိုဆောင်တစ်လုံးနှင့် စပါးကျီ (၁) လုံး စသည်တို့ ကူးစက်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

a

 

မီးလောင်မှုဖြစ်ပွားရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝင်းသက်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှလက်ထောက်ဦးစီးမှူးမျိုးမြတ်အောင်နှင့်တပ်ဖွဲ့ဝင် များ လဝါးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများကဝိုင်းဝန်း၍ မီးငြှိမ်းသတ်ပေးနိုင်ခဲ့ပြီး လူများနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

ဇွဲသူရအောင် (ပြန်/ဆက်)