မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချး

မဘိမ်း ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့် လဝါကျေးရွာတွင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ပြန်လည်ထုတ်ချေးခဲ့ကြောင်း သိရသည်။ 

လဝါကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၇ ဦးတို့အတွက် ၃၈၅ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ ဦးတို့အတွက် ၁၂၆ သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦးတို့အတွက် ၇၂ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၃ ဦးတို့အတွက် ၄၆ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၇ ဦးတို့အတွက် သိန်း ၇၀ စုစုပေါင်း အသင်းဝင် ၁၅၇ ဦးအတွက် ကျပ် ၆၉၉ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

မဘိမ်းမြို့နယ်တွင်  ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၂၄)ယူနစ်၊ ကျေးရွာပေါင်း (၂၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မဘိမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးထံက သိရသည်။ 

ဟေမာမြင့် (ကျေးလက်)