မြစ်ကမ်းထိန်းနံရံပြိုကျမူဖြစ်ပွား

လပွတ္တာ ၁၉ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် သင်္ကန်းကြီးကားလမ်းပေါ်ရှိ ထင်းစုကျေးရွာအနီး မြစ်ကမ်းထိမ်းနံရံ ပေ ၁၀၀၀ အောက်ခြေတွင် ရွေးမြစ်၏ဝဲကတော့ထိုးမှုကြောင့် ယမန်နေ့ညပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။

 

အဆိုပါ လပွတ္တာမြို့နယ် သပြုကုန်းကျေးရွာအုပ်စု ထင်းစုကျေးရွာအနီး ကျောက်စည်မြစ်ကမ်းထိမ်းနံရံ အပြင်ဘက် အလျားပေ (၇၀)အနံ ပေ  (၅၀) အတွင်းဘက် အလျားပေ (၅၀)အနံ(၁၀)ပေအနက် (၉)ပေ ခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။

 

ခရီးသွားပြည်သူများ သတိထားသွားကြရန်နှင့် ယနေ့တွင်ကမ်းထိမ်းနံရံပြိုကျမှုအား အရေးပေါ် ကျောက်ချခြင်း မျောတိုင်များစိုက်ခြင်း သဲအိတ်ကာ သဲအိတ်ဖြည့်ခြင်း ကြိုတင်ကာကွယ်လျက်ရှိကြောင်းကို မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

 

 မြို့နယ်ပြန်ဆက်

 

mdn