မြစ်သားမြို့၌  သိုလှောင်ရုံ၌ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအား စစ်ဆေး

မြစ်သား ၁၉ ဩဂုတ်

 

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၇၂၀)ကို  မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သိုလှောင်ရုံ၌ သိုလှောင်ထားရာ ယနေ့နံနက် (၁၀)နာရီက  မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အရေးပေါ်ရိက္ခာစားအုံးဆီများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြစ်သား မြို့နယ်တွင် အရေးပေါ်ရိက္ခာစားဆီများကို မြို့နယ်သိုလှောင်ရုံ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြင့်မားခဲ့ပါက ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အရေးပေါ်စားသုံးဆီများကို သိုလှောင်ထားခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြင့်မားလာချိန် သို့မဟုတ် ပြည်သူများစားနပ်ရိက္ခာ အခက်အခဲရှိသည့် အချိန်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုများနှင့် အတူ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍သိရသည်။

 

နိုင်ငံနှင့်အဝှမ်းတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားသည့် ချိန် ပြည်သူများအား ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆီကုန်သည်များ၊ ဆီလုပ်ငန်းပိုင်ရှင်များနှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ်အတွက် ဆီပုံး အရေအတွက်(၂၇၂၀) စုဆောင်းထားရှိပါကြောင်း သိရသည်။

 

(မြစ်သားပြန်/ဆက်)

 

mdn