မေ ၂၅  ရက်တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၂ ဉီး ထပ်တိုးလာသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း  ၂၀၃ ဉီးရှိသွားပြီ

နေပြည်တော် ၂၅  မေ  

 

မေ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၂ ဦး တွေ့ရှိပြီး ၎င်းတို့မှာ အီတလီနှင့် အိန္ဒိယနိုင်ငံတို့မှ ပြန်လာသူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ရောဂါပိုးရှိသူ စုစုပေါင်း ၂၀၃ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ရောဂါပိုးရှိသူ ၂  ဉီးမှာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်နှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်တို့မှ ဖြစ်ပြီး  လှိုင်မြို့နယ်နှင့်  မြောက်ဒဂုံမြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း သိရသည်။

 

ပိုးတွေ့လူနာ ၂၀၃  ဉီးအနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၁၂၃ ဉီး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၁၂ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

 

သတင်းစဉ်