မော်ဒယ် သန္တာလှိုင် သရုပ်ပြထားသည့် ကိုယ်ကာယလေ့ကျင့်ခန်း ဗီဒီယိုများပါဝင်သည့် Telenor Wellness အစီအစဉ်ကို စတင်ကြည့်ရှုနိုင်ပြီ

ရန်ကုန် ၈ ဇူလိုင်

 

မော်ဒယ် သန္တာလှိုင် သရုပ်ပြထားသည့် ကိုယ်ကာယလေ့ကျင့်ခန်း ဗီဒီယိုများပါဝင်သည့် Telenor Wellness အစီအစဉ်ကို စတင်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစီစဉ်ကို fitness မော်ဒယ်နှင့် lifestyle influencer သန္တာလှိုင်၏ T Fitness နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

T Fitness အက်ပလီကေးရှင်း၏ တည်ထောင်သူ မသန္တာလှိုင်မှ “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က လူတွေကို ကိုဗစ်-၁၉ ဖြစ်နေစဉ်နဲ့ ပြီးသွားတဲ့ အခါမှာလည်း ကျန်းကျန်းမာမာ နေနိုင်အောင် ကူညီပေးဖို့ပါ။ ဒီရည်ရွယ်ချက်လေးကို တယ်လီနောမြန်မာနဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီပူးပေါင်းမှုကနေတစ်ဆင့် မြန်မာနိုင်ငံသားတွေ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေး စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကို ယူဆောင်ပေးလာနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။

 

အဆိုပါ အစီစဉ်တွင် T Fitness မှ သန္တာလှိုင်နှင့် သင်ကြားရေးဆရာများ သရုပ်ပြထားသည့် ကိုယ်ကာယလေ့ကျင့်ခန်း ဗီဒီယို (၄) ခုကို MyTelenor App တွင် ကြည့်ရှုနိုင်ပြီး မိမိနှင့်ကိုက်ညီသည့် ကိုယ်ကာယကျန်းမားရေး အားကစားအဆင့်အမျိုးမျိုးကို လေ့ကျင့်ကစားနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

သင်ခန်းစာများကို ဇူလိုင် ၈ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တစ်ခုလျှင် ငါးမိနစ်ခန့်ကြာမြင့်မည့် ကိုယ်ကာယလေ့ကျင့်ခန်း ဗီဒီယိုများကို ရယူနိုင်မည်ဖြစ်သည်။ မတူညီသည့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီကို ဦးစားပေးထားသော ဗီဒီယိုအသစ်တစ်ခုကို အပတ်စဥ်တိုင်း လေးပတ်ကြာ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား