မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမက အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ ဆက်လုပ်ရန် မလိုကြောင်း ပြောကြား

၁၀ ဇူလိုင်

 

 

မြောက်ကိုရီးယားခေါင်းဆောင် ညီမ ကင်ယိုဂျုံးက အမေရိကန်နဲ့ ဆွေးနွေးပွဲ ဆက်လုပ်ရန် မလိုကြောင်း၊ တကယ်လို့ ပြောင်းလဲရေး ပုံစံပါတဲ့ ဆွေးနွေးပွဲပုံစံနဲ့ ချဉ်းကပ်မှသာ ဆွေးနွေးမယ်လို့ ပြောကြားပါတယ်။

 

 

ခေါင်းဆောင်ကြီး ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဦးဆုံးအကြိမ် စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ နှစ်နှစ် ရှိပြီး ဟနွိုင်းမြို့က ခေါင်းဆောင်နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ တစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ဟနွိုင်းမြို့က ဆွေးနွေးပွဲ အပြီးမှာ  ပိတ်ဆို့မှုကို ဖယ်ရှားရေး လုပ်ဆောင်နိုင်မယ့်လို့ မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး ဖြစ်ပါတယ်။

 

 

သမ္မတ ထရမ့် အနေနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ထပ်မံရွေးကောက်ခံနိုင်ရေးအတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲကနေ အကူအညီ ပေးနိုင်မယ့်လို့ ထင်နေပါတယ်။ အဲဒါကြောင့်လည်း မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံမယ်ဆို တွေ့ဆုံနိုင်တယ်လို့ ဒီသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။

 

 

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမကတော့ အမေရိကန်နဲ့ မျက်နှာချင်းဆိုင်ထိုင်ဖို့ မလိုအပ်ကြောင်း၊ တကယ်လို့ ဆွေးနွေးပွဲ လုပ်ခဲ့မယ်ဆိုရင် တစ်စုံတစ်ယောက်ရဲ့ ကြွားလုံးကို နားထောင်ရဖို့ သာရှိကြောင်း ပြောပါတယ်။

 

 

MDN

ကိုးကား - AFP