မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးရာထူးကို စစ်အရာရှိဟောင်းအား လွဲပြောင်းခန့်အပ်

၂၄ ဇန်နဝါရီ

 

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးရာထူးကို စစ်အရာရှိဟောင်းအား လွဲပြောင်းခန့်အပ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ဒီကနေ့ (သောကြာနေ့) ကြေညာသွားပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးတွင် တင်းမာတဲ့ ပေါ်လစီအသုံးပြုမယ်လို့ ထုတ်ဖော်ပြောကြားပြီး နောက်ပိုင်း အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်မယ့် ရီဆွန်ဂွန်း မှာ သံတမန်အတွေ့အကြုံ အနည်းငယ်သာရှိပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်းကတော့ သံတမန် တာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ကြားက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေဟာ ပြီးခဲ့တဲ့နှစ်က ကျင့်ပခဲ့တဲ့ ဟနွိုင်းဆွေးနွေးက အပြန်မှာ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

စစ်အရာရှိဟောင်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်းမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲတဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ကြောင်း၊ ရှေ့ဆက်သွားမယ့် အမေရိကန်နဲ့ ဆက်ဆံရေးဟာ ပြင်းထန်မယ့် ပုံရှိလာနိုင်တယ်လို့ တောင်ကိုရီးယားမှာ ခိုလှုံခွင့်တောင်းခံထားတဲ့ မြောက်ကိုရီယား သုတေသီ အာချန်လီက ပြောပါတယ်။

MDN

ကိုးကား - AFP