မြောက်ဦးမြို့နယ်တွင် ဒေသထွက် ရာသီပေါ်သီးနှံ လိုက်ချီးသီးများ ယခင်နှစ်များထက် ဝယ်ယူသူနည်းပါးလျှက်ရှိ

မြောက်ဦး ၃  မေ 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒေသထွက် ရာသီပေါ်သီးနှံ လိုက်ချီးသီး၊ ဒေသအခေါ် (စုတ်ဖွားသီး) ကို သင်္ကြန်ကျပြီးနောက်ပိုင်း ဧပြီလနောက်ဆုံးပတ်မှ စတင်၍ ခူးဆွတ်ကောက်ယူကြပြီး ဈေးကွက်အတွင်းသို့အလျှင်အမြန် ရောင်းချလာကြသော်လည်း ဝယ်ယူသူ နည်းပါးနေသဖြင့် ယခင်နှစ်များထက် ဈေးလျှော့ကာရောင်းချနေရကြောင်း လိုက်ချီးသီး(စုတ်ဖွားသီး)လာရောင်းသူ တောင်သူများထံမှ သိရသည်။

 

ယခုအချိန်တွင် လိုက်ချီးသီး(စုတ်ဖွားသီး)သည် အနည်းငယ်ထွက်နှုန်းနည်းနေသေး၍ မေလလယ်လောက်တွင် လှိုင်လှိုင်ပေါများလာမည်ဖြစ်ကာ မိုးတစ်ကြိမ်ခန့်ရွာပြီးနောက်ပိုင်း အရည်ရွှမ်းပြီး ပိုမိုချိုမြိန်ကာ အရသာရှိလာမည်ဖြစ်သည်။ လိုက်ချီးပင်(စုတ်ဖွားပင်)တစ်ပင်တွင် တစ်ခိုင်လျှင် အလုံးရေ (၃၀)မှ (၆၀)ကြားသီးပြီး အသီးအောင်မြင်သည့်နှစ်များတွင် တစ်ခိုင်လျှင် အများဆုံး အလုံး (၈၀) ထိသီးကြောင်း၊ အဆိုပါလိုက်ချီးသီး (စုတ်ဖွားသီး) များအား ယမန်နှစ်များက တစ်ပိဿာ အလုံး (၁၀ဝ) ပါ တစ်တွဲလျှင် ၆၀ဝ၀ ကျပ်စီဖြင့် ရောင်းချနိုင်ခဲ့သော်လည်း ယခုအခါ ပြည်တွင်းဘုရားဖူးခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားဧည့်သည်တော်များ လာရောက်လည်ပတ်မှု နည်းပါးနေ၍ ဝယ်လိုအားများ လျော့နည်းလာသောကြောင့် တစ်ပိဿာ အလုံး (၁၀ဝ) ပါတစ်အိတ်လျှင် ၄၀ဝ၀ ကျပ်နှုန်းဖြင့် ယမန်နှစ်များထက် ဈေးလျှော့ကာ ရောင်းချနေရကြောင်း လိုက်ချီးသီး ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။ 

 

လိုက်ချီးသီးကို မတ်လတွင် နှစ်စဉ်နှစ်တိုင်းရောင်းချခဲ့သည့် ဈေးနှုန်းထက် ယခုနှစ်တွင် ဈေးနှုန်းလျှော့ ရောင်းချနေရသဖြင့် မြောက်ဦးမြို့နယ် ဈေးကွက်ထက် စစ်တွေမြို့ဈေးကွက်ကို ပိုမိုအားထားကာပို့ဆောင်တင်ပို့ ရောင်းချလျှက်ရှိကြောင်း ခရိုင် ပြန်/ဆက်မှ သတင်းရရှိသည်။ 

 

MDN

 

IMG_20