မော်လိုက်မြို့ (၄၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၂၂ စက်တင်ဘာ

ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၄၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၃.၄၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၃)ဒီဂရီ၊ အနက် (၂၁)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

MDN