မော်လိုက်မြို့၏ တောင်-အ‌ရှေ့တောင်ဘက် ၂၄ မိုင်ခန့်အကွာတွင် ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

မော်လိုက် ၂၂ မေ

 

မေ ၂၂ ရက် မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၃၆ မိနစ်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၆၂ မိုင် ခန့်ကွာဝေးသော၊ မော်လိုက်မြို့၏ တောင်-အ‌ရှေ့တောင်ဘက် (၂၄)မိုင် ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၃ ဒသမ ၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၆၁ ဒီဂရီ၊ အနက် ၈၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး ၃ ဒသမ ၇အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN