မော်လိုက်မြို့နယ်၌ နေထိုင်ခွင့်မရှိဘဲ နေထိုင်သည့် တရုတ်နိုင်ငံသားများအား အရေးယူထား

နေပြည်တော်  ၂၇  မတ် 

 

မော်လိုက်မြို့နယ်၌ နေထိုင်ခွင့်မရှိဘဲ နေထိုင်သည့် တရုတ်နိုင်ငံသားများအား အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၂၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မော်လိုက်မြို့နယ် မှော်ကူးကျေးရွာ YCDC ကျောက်မီးသွေး ကုမ္ပဏီလုပ်ကွက်၌ တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ YCDC ကျောက်မီးသွေးကုမ္ပဏီ မန်နေဂျာဖြစ်သူ ဇော်ကြီး (၄၈)နှစ်နှင့် တရုတ်နိုင်ငံသား Mr. Wang Chenghua (၄၅)နှစ်ပါ တရုတ်နိုင်ငံသား ၁၁ ဦးတို့ အားတွေ့ရှိ၍ စစ်မေးရာ အဆိုပါ တရုတ်နိုင်ငံသားများမှာ ကုမ္ပဏီ လုပ်ငန်းခွင်၌ နေထိုင်ခွင့်မရှိဘဲ နေထိုင်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ဇော်ကြီးနှင့် Mr. Wang Chenghua ပါ တရုတ်နိုင်ငံသား ၁၁ ဦးတို့အား မော်လိုက်မြို့မ ရဲစခန်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)