မောင်တောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မောင်တော ၆  ဇန်နဝါရီ 

 

လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား  လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။ 

 

အဆိုပါလူမှုရေးပင်စင်အတွက် ထောက်ပံ့ငွေပေးအပ်မှုတွင် မောင်တောမြို့နယ် ကျီးကန်းပြင်အုပ်စုမှ အဘိုးအဘွား ၂ ဦး၊ လေးမိုင်ရပ်ကွက်မှ အဘိုးအဘွား ၈ ဦးနှင့် မြို့သူကြီးကျေးရွာအုပ်စုမှ အဘိုးအဘွား ၂ ဦး စုစုပေါင်း အဘိုးအဘွား ၁၂ ဦး အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

111 အသက်(၈၅)နှစ်အထက် အ

 

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မောင်တောမြို့နယ်အတွင်း အသက်(၈၅)နှစ် အထက်ရှိ အဘိုးအဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းကို သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်း ကျန်ရှိသည့် ကျေးရွှာများမှ အဘိုးအဘွားများကို ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မောင်တောမြို့တာဝန်ခံ ဦးအောင်ကျော်စိန်က ပြောကြားသည်။

 

ထို့ပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာက နွားကျောင်းရင်း အသတ်ခံခဲ့ရသည့် မောင်တောမြို့နယ် သစ်တုံးနားခွဆုံကျေးရွာမှ ကျေးရွာသားတစ်ဦး၏ ကျန်ရစ်သည့် မိသားစုဝင်များအား စားဝတ်နေရေး ပြေလည်စေရန်အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဇန်နဝါရီ ၃ ရက်ကလည်း လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်၂ နှစ်အောက်ကလေး ၆၂ ဦး၊ ကျောက်ပန္ဒူကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေး ၂၆ ဦး နှင့် ဥဒေါင်းကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်၂ နှစ်အောက်ကလေး ဦးရေ ၄၀ အား အာဟာရဖွံ့ဖြိုးရေးအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ နှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်၂ နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးငွေပေးအပ်မှုများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စသည့်ဒေသများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အစီအစဉ် ၈ ရပ်ရေးဆွဲပြီး လူမှုကာ ကွယ်စောင့်ရှောက်ရေးအစီအစဉ်တွင် ဘဝတစ်လျှောက်လုံး ကိုယ်ဝန်ဆောင်မိခင်ဘဝမှအစ သက်ကြီးရွယ်အိုအထိ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

သတင်း-မော်စီ၊ ကိုမင်း

 

ဓာတ်ပုံ-တင်စိုး

 

222 ကျန်ရစ်သည့် မိသားစုဝင်