Memory ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော် ပြသမည်

ရန်ကုန် ၁၃ နိုဝင်ဘာ

(၇)ကြိမ်မြောက် Memory ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၅ မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာရုပ်ရှင်ဇာတ်ကားများ အပါအဝင် နိုင်ငံတကာမှ ခေတ်အလိုက်ယဉ်ကျေးမှုကို သရုပ်ဖော်ထားသည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၂ ကားကို  ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားများ အကြိုပြသခြင်းကို ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန အနုပညာရပ်ဝန်း ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ယနေ့မှစ၍ နှစ်ရက်တာ ပြသသွားမည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်မှစ၍ ဝဇီရာရုပ်ရှင်ရုံ၊ မဟာဗန္ဓုလပန်းခြံ၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ၃၃-၃၄ လမ်းတို့တွင် ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ကြည့်ရှုနိုင်ကြောင်း သိရသည်။

Memory ရုပ်ရှင်ပွဲတော်တွင် ဟာသဇာတ်ကားများ၊ ဒရာမာ၊ ထိတ်လန့်ခြောက်ခြားဖွယ်နှင့် အချစ်ဇာတ်လမ်းပေါင်းများစွာ ပြသမည်ဖြစ်ကြောင်း သိရသည်။  

သန့်ဇင်ဝင်း