မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မြိတ်  ၂၂  နိုဝင်ဘာ 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် နိုဝင်ဘာ (၂၂)ရက် နံနက် () နာရီမှ (၁၂) နာရီအထိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သမားတော်ကြီး၊ ပါရဂူများ နှင့် သူနာပြုများက ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ အရိုးအကြောရောဂါ၊  ကလေးရောဂါ၊ အထွေထွေ ရောဂါများနှင့်ပတ်သက်၍ ECG စမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းဖြင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့ကြသည်။

နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရဲတပ်ဖွဲဝင် ၁၂၀ နှင့် မိသားစုဝင် ၉၃ ဦး စုစုပေါင်း (၂၁၃) ဦးအား ရောဂါဝေဒနာများအလိုက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ဆေးစစ်ကုသမှုများ  ဆောင်ရွက်ပေးနေမှုအား မြိတ်တပ်နယ်မှူး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )