မြိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ 

mdn

နေပြည်တော် ဩဂုတ် ၁၁ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၀ ရက် ည ၈ နာရီတွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းတူးငယ် ကျေးရွာ အနီးတွင် ဇော်မျိုးသိန်း(ခ)မူဆာ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေ ရာ အိုက်စ် ၃ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိုသိန်း မောင်းနှင်လာသော SENOVA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၄,၀၀၀ ကိုလည်ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ 

(ရဲပြန်ကြား)