မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက ၂၈၀၀ ကျော်စိုက်ပျိုးနိုင်

မိတ္ထီလာ၊  အောက်တိုဘာ  ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေး တို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့်  မိုးစပါးစိုက်ဧက ၂၈၀၀ကျော် စိုက်ပျိုးနိုင်ကြောင်း  သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာ ဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်  မိုးစပါးစိုက်ဧက (၂၂၉၇) ဧကနှင့် အခြားသီးနှံစိုက်ဧက ၄၀၃ ဧကတို့အား သတ်မှတ်လျာထားထားပြီး မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်း အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)၊ အမှတ်(၃)ရေတင်စခန်း (ခင်ကြီး)နှင့် Low Lift စသည့် ရေတင်စခန်း(၃)ခုဖြင့် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန်၊ ရေတွင်းကျေးရွာ အုပ်စုများရှိ ကျေးရွာများမှ ဒေသခံတောင်သူများက မိုးစပါးကို  စိုက်ပျိုးလျက်ရှိသည်။

 

ထိုသို့ မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများစိုက်ပျိုးရာ ယနေ့အထိ မိုးစပါး စိုက်ဧက ၂၈၆၄ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် မိုးစပါးစိုက်ဧက သတ်မှတ်လျားထားချက်ထက်  ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)