မိုးကောင်းမြို့နယ်၌ ထော်လာဂျီပေါ်မှပြုတ်ကျ၍ အမျိုးသားတစ်ဦး သေဆုံး

မိုးကောင်း  ၂၄   မေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်လီယံရွာဟောင်းနှင့် မရမ်ကထောင်ကျေးရွာသွားလမ်း၌ မေ ၂၃ ရက် နံနက်ပိုင်းက ထော်လာဂျီပေါ်မှပြုတ်ကျ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၂၃ ရက်၊ နံနက် ၁၁ နာရီခန့်က မိုးကောင်းမြို့နယ်၊ အလယ်ရေရှင်ကျေးရွာနေ ဦးအိုက်ကွမ်း (၃၈ နှစ်)သည်  ထော်လာဂျီ(ကျွဲဂျို)ဖြင့် လွယ်လီယံရွာဟောင်းနှင့် မရမ်ကထောင်ကျေးရွာ သွားလမ်းအတိုင်း ထင်းများတင်ဆောင်ကာ မောင်းနှင်လာစဉ် လမ်း၏ဝဲဘက်သို့ထိုးကျကာ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ပြီး ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူရုပ်အလောင်းကို မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ မိုးကောင်းမြို့မရဲစခန်းမှ မှတ်တမ်းများရယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)