မိုးမောက်မြို့နယ်၌ အုတ်ရေကန်ပြိုကျပိမိ၍ ကလေးငယ် ၃ ဦး သေဆုံး

မိုးမောက် ၂၅ မေ

 

မိုးမောက်မြို့နယ်၊ မန်နောင် ကျေးရွာအနီး ဂရင်းရဲထွဋ်ကုမ္ပဏီပိုင်ဝန်းအတွင်း ယမန်နေ့ ညနေက အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေ ခန့်ရှိ အုတ်ရေကန်အား ရေထည့်နေစဉ် အောက်ခံမြေသားပျော့၍ မြေကျွံပြီး အုတ်ရေကန်ပြိုကျခဲ့ရာ အုတ်ရေကန်၌ ရေချိုးနေသည့် ကလေးငယ် သုံးဦး ပိမိသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကလေးငယ် သုံးဦး သေဆုံးမှုနှင့် ပတ်သက်၍ မြို့သစ်နယ်မြေရဲစခန်း၌ သေမှုသေခင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

 

MDN