မိုးမိတ်မြို့နယ်တွင် မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁)စုအတွက်  ရိက္ခာနှင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်

မိုးမိတ် အောက်တိုဘာ ၁၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့် တာဝန်ရှိသူများ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီက ရိက္ခာနှင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်သည်  စက်တင်ဘာ ၂၉ ရက်က မီးဘေးသင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပျက်စီးဆုံးရှုံးမှုများတွက်  မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက  ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာအတွက် ထောက်ပံ့ငွေကျပ်(၁၂၆၀၀)နှင့် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ်(၂၀၀၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဦးဝင်းရွှေက လက်ခံ ရယူခဲ့သည်။

သဘာဝေဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်းနှင့် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
    
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)