မိုင်းခတ်မြို့နယ်တွင် ပိုးသတ်ဆေး ရောင်းချခွင့်လိုင်စင် မရှိသော ဈေးဆိုင်များစစ်ဆေး

မိုင်းခတ်  ၁၄  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်းရှိ ပိုးသတ်ဆေး ရောင်းချခွင့်လိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချ နေသော ဈေးဆိုင်များအား ယနေ့ နံနက် ၇ နာရီက မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

 

2258

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးယုမောင်နှင့် တာဝန်ရှိသူများက ပိုးသတ်ဆေး ရောင်းချရာတွင် စားသောက်ကုန်များနှင့်  ရောနှောထားရှိ၍ ရောင်းချခြင်းမပြုရန်၊ ပိုးသတ်ဆေးရောင်းချခွင့်လိုင်စင် ရှိမှသာ ရောင်းချရန်၊ စည်းကမ်းနှင့်အညီ ရောင်းချခြင်း မပြုသော ဆိုင်ပိုင်ရှင်များကို ပြစ်မှုပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

MDN