မိုင်းကိုင်မြို့နယ်ရှိ  အခြေခံပညာကျောင်းများ၌ KG တန်းမှ နဝမတန်းအထိ အောင်စာရင်းများထုတ်ပြန်

မိုင်းကိုင်   ၁၃   ဇွန်  

 

ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုင်းကိုင်မြို့နယ်၌  KG တန်းမှ နဝမတန်းအထိ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၁၈ ကျောင်းရှိပြီး ယခုထုတ်ပြန်ကြေငြာသော  အောင်စာရင်း များအရ  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မိုင်းကိုင်တစ်မြို့နယ်လုံး  Grade-5 (စတုတ္ထတန်း) အောင်မြင်သူ ၃၀၅ ဦး ၊ Grade-10 (နဝမတန်း)အောင်မြင်သူ  ၉၅၇ ဦးရှိကြောင်း သိရသည်။

 

ထို့ပြင် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်နှစ် ပြီးမြှောက်သည်အထိ တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများအား  အခြေခံပညာ အထက်တန်းအဆင့် ပြီးမြှောက်ကြောင်းလက်မှတ် ရရှိမည့်  ကျောင်းသား ကျောင်းသူ ၈၀ ဦး စာရင်းကိုလည်း ထုတ်ပြန်ကြေငြာခဲ့ကြောင်း  သိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)