မိုင်းဖြတ်မြို့နယ်၌ ဆောင်းသီးနှံ သခွားစိုက်တောင်သူများ ပုံမှန်ဝင်ငွေများရရှိ  

မိုင်းဖြတ်၊ ဇန်နဝါရီ ၁၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာရှိ ဆောင်းသီးနှံဖြစ်သည့် သခွားစိုက်တောင်သူများသည် သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေများ ပုံမှန်ရရှိကြောင်း တောင်သူ ဦးလုံးနွန်းထံကနေ သိရသည်။

 

သခွားသီးကို မိုးစပါးရိတ်သိမ်းပြီးစီးသည့် အောက်တိုဘာလမှစ၍ စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလသုံးလအတွင်း ပွင့်ဖူးလေ့ရှိကြပြီး ဇန်နဝါရီလဆန်းပိုင်းများတွင် သီးနှံများကို ဆွတ်ခူးရောင်းချလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီး ဆွတ်ခူးသည့် သခွားသီးများကို လှိုင်လှိုင်ပေါချိန်များ၌ အရွယ်အစားကြီးမားသည့်အပေါ် မူတည်၍ ၅ လုံး၊ ၆ လုံးပါတစ်စည်းကို ကျပ် ၅၀၀ အထိရရှိပြီး သီးနှံရှားပါသည့်အချိန်၌ ကျပ် ၁၀၀၀ မှ ၈၀၀ အထိရရှိကြောင်း တောင်သူများထံက သိရသည်။

 

မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြပြီး ကျေးရွာနေပြည်သူများက မိမိတို့အိမ်ခြံဝန်းအတွင်းနှင့် လယ်ယာမြေများ၌ သခွား၊ ဖရဲ၊ မုံညှင်း၊ ပဲသီး၊ နံနံပင်၊ ဂေါ်ဖီထုပ် စသည့် ဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြသည်။ ယခုအခါ ဆောင်သီးနှံများဖြစ်သည့်   သစ်ခွားသီးနှံစိုက်ပျိုးခြင်းကို စနစ်တကျစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိသည့်အတွက် ပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။

 

ရွှေကို(မိုင်းဖြတ်)