မိုင်းဖြတ်မြို့နယ်၌ တောင်သူများသို့ မိုးရာသီစိုက်ပျိုးရေး ဆက်လက်ထုတ်ချေးပေး

မိုင်းဖြတ် ၊ စက်တင်ဘာ ၁၇

 

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် ကျိုင်းတုံမြို့နယ်ခွဲ၊ မြန်မာ့လယ် ယာဖွံဖြိုးရေးဘဏ်မှ မြိုနယ်အတွင်းရှိ တောင်သူများသို့ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို စက်တင်ဘာလ ၁၇ရက် နံနက်၁၀နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

           

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က တောင်သူများအနေဖြင့် စိုက်ပျိုးရေး စရိတ်ချေးငွေများထုတ်ချေးရာတွင် မိမိတို့အမှန်တကယ် လုပ်ဆောင်နေသော စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူးပြုရာတွင် အကျိုးရှိစွာသုံးစွဲနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျိုင်းတုံမြို့နယ်ခွဲ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးကျောင်လွင်အောင်က ချေးငွေများထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

           

ယင်းနောက်  မန်နေဂျာ ဦးကျော်လွင်အောင်နှင့်ဝန်ထမ်းများက မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းအုပ်စုနှင့် တောညုကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၁၂)ဦးအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ တစ်ဧကလျှင် (၁)သိန်းခွဲနှုန်းဖြင့် ကျပ်သိန်း(၉၀)ကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။ အဆိုပါ ချေးငွေများသည် တစ်နှစ်လျှင် အတိုး ၅ရာခိုင်နှုန်းသာ ကျသင့်ကြောင်း မန်နေဂျာ ဦးကျော်လွင်အောင်ထံက သိရသည်။

 

သန်းထွန်းအေး