မိုင်းပန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးသင်တန်းကျောင်း(ရှမ်းဘာသာ)၏ စတုတ္ထအကြိမ်မြောက် စာမေးပွဲကျင်းပ

မိုင်းပန်    ၂၂   ဖေဖော်ဝါရီ     

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မြို့ပေါ်နှင့် ကျေးရွာအသီးသီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့သော ဓမ္မစကူး(ရှမ်းဘာသာ) သင်တန်းကျောင်းများ ၏ စတုတ္ထအကြိမ်မြောက် စာမေးပွဲ ကျင်းပရာ ကျောင်းသား/သူ (၃၁ဝ)ဦး လာရောက်ဖြေကြားခဲ့ကြောင်း မွေတော်ပရိယတ္တိစာသင်တိုက်၏ တိုက်အုပ် ဆရာတော် ဦးကောဝိဒါစာရ ၏ မိန့်ကြားချက်အရ သိရသည်။

 

‌ေ

 

ဓမ္မစကူးသင်တန်းအား ၂၀၁၅ ခုနှစ်မှ စတင်၍ အခြေခံတန်းမှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုအခါ စတုတ္ထတန်းအထိ သင်ကြားပေးလျက်ရှိပြီး ရှေ့ဆက်၍ အခြေအနေနှင့် အချိန်အခါလိုက်ကာ အတန်းများထပ်တိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

‌ေ

 

မိုင်းပန်မြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးရွာအသီးသီးမှကျောင်းတိုက်တို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သော ဓမ္မစကူး သင်တန်းကျောင်း( ၁၆ )ကျောင်း မှ အခြေခံတန်း ကျောင်းသား/ကျောင်းသူ ( ၁၄ဝ )ဦး၊ ပထမတန်း  ကျောင်းသား/ကျောင်းသူ (၇၈)ဦး၊ ဒုတိယတန်း  ကျောင်းသား/ကျောင်းသူ (၃၁)ဦး၊ တတိယတန်း  ကျောင်းသား/ကျောင်းသူ (၃၉)ဦး နှင့် စတုတ္ထတန်း  ကျောင်းသား/ကျောင်းသူ (၂၂)ဦး စုစုပေါင်း (၃၁ဝ)ဦးတို့မှ လာရောက်ဖြေကြားပြီး မူလတန်း ကျောင်းသား/ကျောင်းသူများမှ နှုတ်ဖြေဖြင့်လည်းကောင်း ကျန်အတန်းများမှ ရေးဖြေဖြင့်လည်းကောင်း အသီးသီး ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုဆန်း (မိုင်းပန်)