မိုင်းပျဉ်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မိုင်းပျဉ်း ၂၄ ဇွန်  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် ကျေးလက်ရေ ပေး​ရေးလုပ်ငန်း (စိမ့်စမ်းရေသွယ်ယူခြင်း) များ ဇွန်လ ၂၃ ရက်နေ့က  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး နှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက  ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်း က ဆောင်ရွက်ပြီးစီးမှု ပြေမြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်တွင်းရှိ ကျေးရွာများဖြစ်သည့် ဝမ်ကတ်ကျေးရွာ၊ ဝမ်ဟိုက်ကျေးရွာနှင့် ဝမ်လုံကျေးရွာတို့တွင်  ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် ဝမ်ပေါ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ယခုအခါအဆိုပါ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် အဆိုပါကျေးရွာတို့ရှိ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ချောမွေ့စေခြင်း၊ သောက်သုံးရေ ဖူလုံစွာရရှိစေခြင်းတို့ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည် တို့ဖွံဖြိုးတိုးတက်လာမည်ဖြစ်၍ ကျေးလက်ပြည်သူတို့၏ လူနေမှုဘဝမြင့်မားလာမည်ဖြစ်ကြောင်းသိရသည်။

 

မေမွန်ထွဋ်၊ ပြန်ဆက်

 

mdn