မိုင်းရှူးမြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်

မိုင်းရှူး ၂၆ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာန အနေဖြင့် မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် စက်တင်ဘာ ၂၆ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၀)ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ အမိန့်ထုတ်ပြန်ကြော်ငြာရာတွင် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်(Take-away) ဖြင့်သာ ရောင်းချသွားရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရလည်းကောင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်