မိုင်းရှူးမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများအနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်

မိုင်းရှူး    စက်တင်ဘာ   ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ထိခိုက်လွယ်အုပ်စုများ ဖြစ်သည့် အသက်(၆၀)နှစ်နှင့်အထက်၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်(၅)နှစ်အောက် ကလေးငယ်များနှင့် မသန်စွမ်းသူများအနက် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းရှူးမြို့နယ်အတွင်း၌ ထိခိုက်လွယ်အုပ်စုတွင် ပါဝင်ပြီး သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အသက်(၆၀)နှစ်နှင့်အထက် (၁၁)ဦးနှင့် အသက်(၅)နှစ်အောက်ကလေး(၁)ဦး၊ စုစုပေါင်း(၁၂)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

တောင်ပေါ်သူ(မိုင်းရှူး)