မိုင်းရယ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆေးကုမှုများ ဆောင်ရွက်ပေး

မိုင်းရယ်  ၈  ဇန်နဝါရီ

 

မိုင်းရယ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆေးကုသမှုများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာနှင့် မန်ကျောင်းပန်ရှင် ကျေးရွာအုပ်စုများတွင် ဇန်နဝါရီ ၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ လူနေအိမ် (၁၉)လုံးအား ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

ထို့နောက် အဆိုပါ ကျေးရွာများရှိ ဒေသခံပြည်သူများအား အမှတ်(၃၂၅) ခြေမြန်တပ်ရင်းမှ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

MDN

 

mdn