မိုင်းယောင်းမြို့နယ်တွင် ရွေ့လျားစနစ်ဖြင့် ဈေးရောင်းသူများ နေ့စဉ် ပုံမှန်ဝင်ငွေရရှိ

မိုင်းယောင်း ဇန်နဝါရီ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေ့လျားဈေးစနစ်ဖြင့် ဈေးရောင်းချသူများ နေ့စဉ် ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ဖြစ်တဲ့ မုန်ညှင်း၊ နံနံ၊ ဆလပ်ရွက်နဲ့ အခြားသီးနှံများ၊ အသားငါးများနဲ့ အသင့်စား ခေါက်ဆွဲကြော်၊ ကောက်ညှင်းပေါင်း စတဲ့ သရေစာမုန့်များကို မြို့မဈေးထဲမှတစ်ဆင့် ဝယ်ယူပြီး ရပ်ကွက်၊ ကျေးရွာများသို့ လှည့်လည်ရောင်းချပါတယ်။ ဆီဖိုး၊ အရင်းနုတ်ပြီး အနည်းဆုံး ကျပ်လေးသောင်း၊ ငါးသောင်း ကျန်ပါတယ်။ နံနက်စောစောတော့ ထရပါတယ်”ဟု ရွေ့လျားဈေးသည်တစ်ဦးက ပြောပြသည်။

 

မိုင်းယောင်းတွင် ရွေ့လျားဈေးသည်များထံမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသား၊ ငါးများကို စောစောထစရာမလိုဘဲ မိမိတို့နေအိမ်မှပင် ဝယ်ယူရရှိနိုင်သဖြင့် ရွေ့လျားဈေးသည်များနှင့် ဝယ်ယူစားသုံးသူများအကြား အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း