မိုင်းယောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေး ကျေးလက်နေပြည်သူလူထုအား အသိပညာပေး

မိုင်းယောင်း  ၂၄   ဇန်နဝါရီ

 

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ဝမ်တပ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနှင့် ဒေသအတွင်း တောမီးနှင့် အခြားမီးရှို့မှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့က ဝမ်လဲကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

8520

 

ရှေးဦးစွာ မြို့နယ်အဆင့် တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများအား ကာကွယ်ထိန်းချုပ်နိုင်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ယခင်နှစ်က မီးခိုးမြူငွေ့ကျရောက်ခဲ့မှု အခြေအနေနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

 

636992

 

ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးက ရွှေ့ပြောင်း တောင်ယာခုတ်ထွင်ခြင်းမပြုဘဲ တစ်နေရာတည်းတွင် နှစ်ရှည်ကြာစွာ စိုက်ပျိုးနိုင်သည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်များနှင့် မြေဆီလွှာကာကွယ် ထိန်းသိမ်းရေးအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ တောအုပ် ဦးဝင်းအောင်နှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးဇော်လွင်တို့က အကြောင်းမဲ့ တောမီးရှို့မှုများ မပြုရေး၊ သစ်တောဥပဒေအကြောင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးတို့ကို ကဏ္ဍအလိုက် ဆွေးနွေး ဟောပြောခဲ့သည်။

 

693

 

ယင်းနောက် ကျေးလက်ကျန်းမာရးဆရာမ ဒေါ်နန်းပန်နွဲ့နှင့် ဒေါ်နန်းဘွန်းပင်းတို့က သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များက ညစ်ညမ်းသော မီးခိုးမြူငွေ့များ ရှူရှိုက်မိခြင်းကြောင့် ထိခိုက်စေနိုင်ဿော ကျန်းမာရေးဆိုးကျိုးများ အကြောင်းကို ဟောပြောခဲ့သည်။

 

7741

 

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ပြီး၊ စိုက်ပျိုးရေးအသိပညာပေး စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)