မိုးညှင်းတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

မိုးညှင်း  ၁၄ ဇန်နဝါရီ 

 

ကချင်ပြည်နည် မိုးညှင်းမြို့နယ် သာစည်ရပ်ကွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဦးစီး ဌာနရုံးတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းကိုဖွင့်လှစ်သည်။

 

201978

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဦးစီးမှူး ဦးသောင်းထိုက်က "အခုလို ကျေးလက်ဒေသက လူငယ်တွေကို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဖြစ်တဲ့ မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သင်ကြားပြသပေးခြင်းအားဖြင့် လူငယ်တွေလမ်းမှားမရောက်ဘဲ အလုပ်ကိုယ်စီရရှိစေနိုင်မှာဖြစ်သလို ဆိုင်ကယ်ပြင်ပညာကို တတ်ထားတဲ့အတွက် ကိုယ်တိုင်လည်းဆိုင်ဖွင့်နိုင်သလို အများအတွက်လည်း ကူညီရာရောက်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ဂရုတစိုက်သင်ကြားပေးစေလိုပါတယ် "ဟုပြောကြားသည်။

 

21345

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးသုတေသနခြံမာန်နေဂျာဦးမြင့်သောင်းမှ သင်တန်းသားဝတ်စုံများကိုပေးအပ်ခဲ့ပြီး မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက ကျေးဇူးတင်စကားကိုပြောကြားခဲ့သည်။

 

21564

 

အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေ းဦးစီးဌာနမှဦးစီးကျင်းပပြုလုပ်ရ ခြင်းဖြစ်ပြီး ကျေးလက်ဒေသမှလူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုမည့် ဆိုင်ကယ်ပြင်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာအဖြစ် ဦးအောင်သန်းနှင့် ဦးပိုင်စိုးသူတို့က သင်တန်းသား(၁၅)ဦးတို့အား သက်တန်းကာလ(၁၅)ရက်ကြာ သင်ကြားပြသမည်ဖြစ်ကြောင်းသိရသည်။

 

ဝ၇၈