မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၁   နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာ-မံရံကျေးရွာ သွားလမ်းမပေါ်တွင် ပါဂျဲရိုးအမျိုးအစား ခရီးသည်ယာဉ်ကို ရှာဖွေရာ ခရီးသည် မတင်တင်စိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၅၀၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် မြန်မာငွေကျပ်၂၆,ဝ၀ဝ တို့ကို သိမ်းဆည်းရမိသည်။

 

အလားတူ ယင်းနေ့နံနက်က      လုံးတုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာနေ ဒေါ်လှရွှေ၏လယ်တောရှိ တဲကိုရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ဝ၄၆ ကီလို စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၆၀ တို့ကို လည်းကောင်း၊  ထို့အတူ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ (၆)မိုင်ကျေးရွာ၊ တောင်ငူ-သံတောင် ကားလမ်းတွင် လမ်းလျှောက်လာသူ ခွန်အုန်းရွှေအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၆၅၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် မြန်မာငွေ ကျပ် ၁၀,၂၀ဝ တို့ကို လည်းကောင်း၊

 

အလားတူ ထိုနေ့နံနက် ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၄၀) ရန်ကုန် (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကမ်းနားပတ်လမ်း၊ အမှတ်(မ-၁၇)နေ ဝင်းထွန်းဦး(ခ)ကျောင်းဆရာ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၄၄၇ ၊ ဆေးခြောက် ၂၀ ဒသမ ၃၃ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ညနေ ၄ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ ပြိန်းရဲကျေးရွာအုပ်စု၊ ရှင်လုံကျိုင်းကျေးရွာအနီး၊ ဟိုလီ-နမ့်ကျွမ်း သွားလမ်းတွင် လီယုံဟွာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,ဝ၀ဝ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၅၈)မိုးမိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်း၊ ကင့်နွယ်ကျေးရွာ အထွက်တွင် မောင်ကျော် မောင်းနှင်ပြီး ထွန်းလူလိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုးမိတ်မြို့၊ တောင်ပိုင်း ရပ်ကွက်နေ မအေးအေးမိုး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာ မအေးအေးစိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၂၈ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

MDN