မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီးတွင် ဂမ်အောင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း၊ အလားတူ စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ မြို့ပတ်(၂)လမ်းပေါ်တွင် ဝင်းစိုးမောင်းနှင်ပြီး မချိုမာလွင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၈၉ ပြားကိုလည်းကောင်း။

 

ထို့အတူ စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့၊ ကျောက်ဆောင်ရပ်ကွက်၊ အိမ်အမှတ်(က/၂၀၄)နေ ရဲမင်းထွန်း (ခ) ရှမ်းလေး၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၄၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုးကုတ်မြို့၊ လျှပ်စစ်ဓါတ် အားခွဲစက်ရုံအနီးတွင် ထွန်းမင်းလတ်(ခ)ဝင်းမင်းဦး မောင်းနှင်ပြီး မျိုးသီဟ(ခ)ဖိုးချစ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုအား လည်းကောင်း၊ မိုးကုတ်မြို့၊ တောင်ကချင်ရပ်ကွက်ရှိ ထွန်းမင်းလတ်၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁ ကီလို၊ အိုက်စ် သုည ဒသမ ၀၁၄ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ ဝမ်ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့-နားမြက်သွား ကားလမ်းဘေးရှိ မောင်လှ(ခ)သောင်းလှ၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀၊ မြန်မာငွေ ကျပ် ၂၀၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား