မြို့နယ်အချို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော်  ၂၄   ဖေဖော်ဝါရီ 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည်  တမူးမြို့နယ်၊ မြို့သစ်မြို့၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာမှ တရားမဝင်ကျွန်းသစ် (၉ ဒသမ ၅၉၇၀)တန် ၊ ကသာမြို့နယ်၊ ဆင်စင်းရွာ၏ အောက်ဘက်ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်းသစ်/ ကျွန်းခွဲသား(၃ပေတို)/လုံးပတ်၃ပေအောက် ကျွန်းသစ် (၂၆ ဒသမ ၄၁၀၄) တန်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင် ပိတောက်ခွဲသား (၅ ဒသမ ၉၈၈၂) တန်၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းရွာတောင်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှ တရားမဝင် အင်ခွဲသား (၁၂ ဒသမ ၆၉၇၆)တန် သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၄ ဒသမ ၃၇၃၂)တန်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ကြိုးဝိုင်းအကွက်အမှတ် (၂၂၊ ၂၃) နေရာများမှ တရားမဝင် ပျဉ်းကတိုး/ ဇင်ပြွန်း/ မျောက်ငို/ လယ်ဇ/နဘဲ/ ဘင်္ဂသစ်/ခြမ်း (၁၃ဒသမ၁၆၄၀)တန်၊ အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းနေရာများမှ မော်တော်ယာဉ်အမှတ် (4I-5984) CROWN နက်ပြာယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/ကျွန်း သစ်/ခွဲသား (၁၂ ဒသမ ၁၉၅၂)တန်၊ ကျွန်းပါကေး (၃၈၈)ချပ် (ဝ ဒသမ ၄၄၇၈)တန်၊ ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအကွက်အမှတ်(၈၈၊၉၄)အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်/ခွဲသား (၂၀ ဒသမ ၃၄၃၆)တန်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် (၃၆၁/၂)နေရာမှ မော်တော်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁ ဒသမ ၄၅၂၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ညီညီသန်း (နေပြည်တော်)